Wednesday, July 23, 2014

A . AB . B . O သွေး ဆိုသည်မှာ


A . AB . B . O သွေး ဆိုသည်မှာ
________________________

A . သွေးများဟာ စိတ်ကြီးပါတယ် မိမိ ရဲ့  အတွင်းစိတ်ကို မထိန်းနိုင်လို့ 
ခဏခဏ ပေါက်ကွဲခြင်းများ ဖြစ်တတ်ပါတယ်

သဘော ကောင်းတယ် ဆိုရင်လည်း သူများတွေထက် သဘောကောင်းတတ်ပြီး လှည့်မကြည့်ဘူး ဆိုရင်
 လုံးဝကို နောက်လှည့်မကြည့်ပဲ ဥပေက္ခာ ပြုနိုင်တဲ့ သွေးများဖြစ်ကြပါတယ်

___________________________________________________

AB . သွေးများဟာ အစွဲအလန်းကြီးလွန်လို့  မိမိ စိတ်ကို ထိန်းရ ခက်ခဲပါတယ်
ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ စိတ်ကြောင့် ဒေါသကြီးတယ် စိတ်ကြီးတယ်ဟု ထင်ခံရပါတယ် သို့ ပေမဲ့ AB သွေးများဟာ

ပျော်ရွှင်စွာ နေထိုင်တတ်ပြီး တစ်ဦးတစ်ယောက်ကို ခင်မင်ရင်းနှီးမိရင်
အနစ်အနာ တအားခံတတ်ကြပါတယ်

________________________________________________

B . သွေးများဟာ သူငယ်ချင်းများအပေါ် စိတ်ပူပေးတတ်တဲ့ စိတ်
ဂရုစိုက်ပေးတတ်တဲ့ စိတ်က ကိုယ့်ကိုကိုယ့်တောင် ပြန်ပြီး ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်

ကိုယ့်ရဲ့  သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ ပျော်ရွှင်နေရင်
ကျေနပ်နေတတ်တဲ့ သွေးမျိုးဖြစ်ပါတယ်

တစ်ခါတလေ တစ်ယောက်ထဲ နေနေရတဲ့ အချိန်မျိုးမှာ အားငယ်စိတ်များ ဖြစ်ပေါ်လာတတ်ပါတယ်

_______________________________________________________

O . သွေးများဟာ တခြားသူ စိတ်ကို သိသာ မြင်နိုင်အောင် ကြည့်နိုင်တဲ့ အတွေးမျိုး
ရှိကြပါတယ် ဘာပဲ လုပ်လုပ် သူတစ်ပါး နောက်ရောက်တာ
သူတစ်ပါးထက် အောက်ကျတာ မကြိုက်ကြပါဘူး

ပြိုင်ချင်တဲ့ စိတ် ရှိနေတတ်ပါတယ် သို့ ပေမဲ့ မိမိရဲ့  အတွေးထဲမှာတော့
ပြိုင်ချင်တဲ့ စိတ် မရှိဘူး ခွင့်လွတ်နားလည်ပေးနိုင်တယ်လို့  ထင်ကြပါတယ်

အိုသွေးများ မိမိရဲ့  ခဏတာ စိတ်တိုခြင်း စိတ်ဆိုးခြင်းများကို

ပေါက်ကွဲခြင်းဆိုတဲ့ စိတ်ကို ထိန်းချုပ်ထားနိုင်ရင် အရမ်းကောင်းပါတယ်

စိတ်ဆိုးလာပြီး ဆိုရင် ဘာမှ သိပ် ဂရုမစိုက်ပဲ ပြောပစ်တတ်တဲ့ စိတ်ကြောင့်
ပြဿ နာ မတတ်သင့်ပဲ တတ်နေကြပါတယ်

သဘောကောင်းရင်လည်း သူများထက် သဘောကောင်းတတ်ပြီး

ဥပေက္ခာ ပြုလိုက်ပြီးဆိုရင်လည်း ဘယ်သွေးအမျိုးအစားမှ လိုက်မမှီအောင်
ဥပေက္ခာ ပြုနိုင်ကြပါတယ်

_________________________________________________

ဗဟုသုတဘဏ်

Computer တစ်လုံးထဲမှာ G-talk အများကြီးဖွင့်နည်း


Computer တစ်လုံးထဲမှာ G-talk အများကြီးဖွင့်နည်း
>>>>>><<<<<<<<<<

ဒီနည်းကတော့..မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်......

ပုံမှန်အားဖြင့်တော့.....Computer တစ်လုံးမှာGtalk တစ်ခုပဲဖွင့်လို့ရပါတယ်.......

အကောင့်တွေအများကြီးနဲ့ Chat ချင်တယ်ဆိုရင်......မရဘူးပေါ့။.....

သိရင်တော့လွယ်လွယ်လေးပါ....

ပထမ Desktop ပေါ်က Gtalk Icon ကို...Right Click ထောက်....Properties ကိုနှိပ်...အောက်ကပုံအတိုင်းကျလာလိမ့်မယ်........

အဲ့ဒီမှာ.....D:\Program Files\Google\Google Talk\googletalk.exe” ရဲ့နောက်မှာspace တစ်ချက်ခြားပြီးတော့ /nomutex ဒါကိုဆက်ရိုက်လိုက်ပါပြီးရင် OK ပေါ့...

အဲ့ဒါဆိုရင်..G-talk အများကြီးနဲ့ ..တစ်ပြိုင်နက် Chat လို့ရပြီပေါ့....... :)